စမတ်ဖုန်း အားသွင်း လျှင် သင့်ဘယ်တော့မှ မလုပ်သင့်တဲ့ အရာ ၆မျိုး
တစ်နေ့ထက်တစ်နေ့ ဘီလီယံ ပေါင်းများစွား Android / iOS ထုတ်ကုန် များကို အသုံးပြုနေကြတာဖြစ်ပါတယ်။ အသုံးပြုတဲ့အခါမှာလဲ လူတိုင်း ဘက်ထရီ အားဖြည့်တဲ့ ပြဿနာအမြဲရင်ဆိုင်နေရပါတယ်။ Android mobile Operating System ကတော့ အခြားသူတွေနဲ့ နှိုင်းယှဉ်လျှင် အား သုံးစွဲမှု အများဆုံးဖြစ်ပါတယ်။ ပျမ်းမျှတွက်ကြည့်မယ်ဆိုရင် ဖုန်းတစ်လုံးရဲ့ ဘက်ထရီဟာ ၇နာရီက ၈နာရီထိ အား သက်တမ်း ခံပါတယ်။ ဖုန်း တစ်လုံးဝယ်မယ်ဆိုရင်လဲ ရေရှည်အားသက်တမ်းခံမခံဆိုတာ မဝယ်ယူခင် စဉ်းစားရမယ့် အရေးကြီး တဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။ သို့ပေမဲ့ သုံးစွဲသူဘက်ကလဲ အဆိုပါ Device ရဲ့ ဘက်ထရီသက်တမ်းကို ကြာရှည်ခံနိုင်သမျှ ခံအောင်လို့ ရှောင်ကြဉ်ရမယ့်အချက်လေးတွေနဲ့ လုပ်ဆောင်ရမဲ့ နည်းလမ်း လေးတွေကို ပရိတ်သတ်ကြီး အတွက် မျှဝေပေးလိုက်ပါတယ်။ ၁။ မူရင်း အားသွင်းကြိုး နဲ့သာ အားသွင်း ပါ။ သင့်ရဲ့ စမတ်ဖုန်း ကို သင် ဖုန်း ဝယ်တဲ့အခါမှာတစ်ခါတည်ပါလာတဲ့ Original အားသွင်းကြိုးနဲ့သားအားသွင်းတာအကောင်းဆုံးပါ။ တခါတလေ သင့် အားသွင်းကြိုး မေ့ခဲ့လို့ အခြား ကြိုး နဲ့ အားယူသွင်းမယ်ဆိုရင် ဘက်ထရီရဲ့သက်တမ်းကို ထိခိုက်စေပါတယ်။ မဖြစ်မနေအသုံးပြုရမယ်ဆိုရင်တော့ ၎င်း အားသွင်းကြိုး ရဲ့ Out...